နှစ်ဆယ့်နှစ်ယောက်မြောက်ကဗျာ
“နှစ်ဆယ့်နှစ်ယောက်မြောက် ကဗျာ”
ကဗျာဟာ လူတစ်ယောက်လို့ဆိုကြပါစို့
ဒီမှာ . . . . နှစ်ဆယ့်နှစ်ယောက်မြောက်ကဗျာရှိတယ်
တစ်
နှစ်
သုံး . . . . . မှ
နှစ်ဆယ့်နှစ်
ဖြစ်ချင်တိုင်းဖြစ်လို့ ၊ သူ့ကိုယ်သူ ပြင်ဆင်ဖြီးလိမ်းလို့
လမ်းထွက်လာတယ် ၊ လူပျိုလှည့်တယ်
စိတ်အဆာဖြေဖို့ “မဒမ်း”လေးတွေရှာတယ်







